A d v e r t i s e m e n t With Us

မြိုင်မြို့နယ် မိုးခေါင်သဖြင့် လွန်ဆွဲပွဲ ပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာမှာ မိုးခေါင်လွန်းတာကြောင့် မိုးရွာစေဖို့ ဒေသယုံကြည်မှုအရ ငါးရံ့မင်းပရိတ်ရွတ်တာ၊ လွန်ဆွဲပွဲတွေ ပြုလုပ်နေကြပါတယ်။    မြိုင်မြို့နယ် ကျောက်ဆောက်ကျေးရွာနဲ့ ပတ်ဝန်းကျင်းတဝိုက်မှာ အခုမိုးဦးကာလ ဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် လေးလအတွင်း မိုး နှစ်ကြိမ်သာရွာသွန်းမှု ရှိသေးပါတယ်။ ‌ဒေသခံတောင်သူ ဦးထွန်းလင်းစိုးက “တန်ခူးလလောက်ရွာမ နှမ်းရင်က အဆင်ပြေတာ ပဲနောက်ရော၊ မိုးက တန်းခူးလလည်း မရွာဘူး၊ ကဆုန်လလည်း မရွာဘူး၊ နယုန်လဆန်း ၁၄၊ ၁၅ ရက်ကက ရွာလို့ ပဲနောက်လေး မနူးမနပ်စိုက်ရတယ်။ နောက်တခါ လပြည့်ကျော် နှစ်ရက် သုံးရက်မှာ ရွာလို့ မြေပဲလေး တင်း ၁၀ ကျော်လောက်ကျထားတယ်။ အဲနောက်မိုးက မရွာဘူး။ ဒါမို့ကြောင့် လူကြီးတွေစီစဉ်ပြီး ဘုန်းကြီးတွေနဲ့ ငါးရံ့မင်းပရိတ်ရွတ်တယ်။ မိုးခေါင်ကျော်စွာ နတ်တင်တယ်ဆိုပြီး လူငယ်တွေ လွန်ဆွဲနေတာပါ” လို့ ပြောပါတယ်။ ပခုက္ကူဒေသမှာ မိုးရွာသွန်းမှု နည်းလွန်းတာကြောင့် နွားစာ၊ မြင်းစာ စတဲ့ တိရစ္ဆာန်အစာ ခက်ခဲမှုတွေထိ ဖြစ်နေပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up