ဘရက်ပစ်နဲ့ လီယိုနာဒို အတူတွဲသရုပ်ဆောင်ထားသည့် Once Upon A Time In Hollywood ရုပ်ရှင် (နမူနာ)

နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ၂ ဦးဖြစ်တဲ့ Brad Pitt နဲ့ Leonardo Dicaprio တို့ အပြိုင်ကြဲသရုပ်ဆောင်ထားကြတဲ့ Once Upon A Time In Hollywood ရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ Comedy Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Columbia Pictures၊ Bona Film Group နဲ့ Heyday Films ရုပ်ရှင်ထုတ်လုပ်ရေးတို့ က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး နာမည်ကြီးရုပ်ရှင်ကားတွေဖြစ်တဲ့ Kill Bill၊ The Hateful Eight စတဲ့ ရုပ်ရှင်ကားတွေရဲ့ ပဲ့ကိုင်ရှင် အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Quentin Tarantino က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ ၁၉၆၉ ခုနှစ်က ဟောလိဝုဒ်ရုပ်ရှင်လောကကို တုန်လှုပ်စေ ခဲ့တဲ့ Manson လူသတ်မှုအကြောင်း အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်ကာလ ကအတိုင်း ၀တ်စားဆင်ယင်မှုတွေနဲ့ ဟောလိဝုဒ်ကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီကားထဲမှာ သရုပ်ဆောင်မင်းသား Leonardo က အဲဒီအချိန်ကာလမှာ ကြိုးစား ရုန်းကန်နေရတဲ့ မင်းသား Rick Dalton အဖစ် ပါဝင်ထားပြီး သူ့အစားစတန့်မင်းသား နေရာမှာ သရုပ်ဆောင်ရတဲ့ Cliff Booth နေရာမှာတော့ မင်းသား Brad Pitt က သရုပ် ဆောင်ထားတာ ဖြစ်ပါတယ်။ သြစတေးလျ သရုပ်ဆောင် မင်းသမီး Margot Robbie က တော့ ဟောလိဝုဒ် ဒါရိုက်တာတဦးရဲ့ဇနီးဖြစ်ပြီး ချားစ်မန်ဆင်ရဲ့ နောက်လိုက်တွေ သတ် ဖြတ်ခဲ့လို့ ကိုယ်ဝန်နဲ့ သေဆုံးခဲ့သူ မင်းသမီး Sharon Tate နေရာမှာ ပါဝင်ထားခဲ့ပြီး ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၉၀ အကုန်အကျခံ ရိုက်ကူးထားပြီး IMDb မှာတော့ Rating 9.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတ ကား ဖြစ်ပါတယ်။ Once Upon A Time In Hollywood ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့ တဲ့ မေလ ၂၁ ရက်နေ့ကတည်းက နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Cannes Film Festival မှာ ကနဦးပြသခဲ့တာဖြစ်ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာပါ။ ကြာမြင့်ချိန် ၁၆၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ Youtube ပေါ်မှာတော့ တလအတွင်း ၀င်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၁၅ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up