Home
မြန်မာသတင်း
ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသည့် ပုသိမ်ကြီးမြို့နယ်မှ အိမ်များကို ရှင်းလင်း
Aung Aung Naing
·
July 21, 2019
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာမှာ ဆောက်လုပ်ထားကြတဲ့ ကျူးကျော်နေအိမ်တွေနဲ့ ဝန်းခပ်ထားတဲ့တိုင်တွေကို မန္တလေးမြို့တော်စည်ပင်သာယာ ကျူးရှင်းလင်းရေးကော်မတီက ဇူလိုင် ၂၀ ရက်နေ့က ရှင်းလင်းခဲ့ပါတယ်။ ဇီးအုပ်ကျေးရွာက ကျူးကျော်နေအိမ်တွေကို ဇူလိုင် ၄ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ စည်ပင်သာယာက အကြောင်းကြားစာကို ဇွန် ၂၇ ရက်နေ့က ပေးပို့ခဲ့ပေမယ့် ဖယ်ရှားပေးခြင်းမရှိခဲ့တာကြောင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ရှင်းလင်းခဲ့တာပါ။  ကိုယ်မသေခင် ကိုယ့်သားသမီးတွေ နေလို့ရအောင် ၁၀ ပေ ၁၅ ပေလေးကို ၀ယ်နေခဲ့တယ်။ ပိုက်ဆံရှိလို့ မဟုတ်ဘူး၊ ခုဆို ရွာက လက်သမားလေးတွေ လာပြီး အိမ်လေးကို ဝိုင်းဆောက်ပေးကြတာ။ သမီးလေး ၂ ယောက်နဲ့ နေရတာ မြေးလေးက ၆ လပဲ ရှိသေးတယ်။ အခုလို ချက်ချင်းဖျက်ရမယ်ဆိုတော့ ဘယ်မှာ သွားနေရတော့မလဲ။ ရောင်းတဲ့သူက အာမခံတယ်ပေါ့ သူကိုယ်တိုင်လည်း လက်ဗွေနှိပ်ပေးတယ်လေ။ သူ့ဆီကနေ အရပ်စာချုပ်နဲ့ ၀ယ်ခဲ့ကြတယ်။ တကွက်ကို သိန်း ၄၀၊ ၅၀၊ ၁၀၀ ၀န်းကျင်နဲ့ ၀ယ်ခဲ့ကြတာ။ ခုတော့ အာမခံပြီး ရောင်းတဲ့သူက ရှာမတွေ့ဘူးဆိုတော့ ကျမတို့ပဲ နစ်နာတာကို ဘယ်သူမှ ပြန်မကြည့်ကြဘူး ဘဝတွေတော့ ပျက်ပါပြီ။ ကူညီပေးကြပါ” လို့ အသက် ၇၀ ကျော် ဒေါ်ခင်ညိုကပြောပါတယ်။ မန္တလေးမြို့တော်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အမည်ပေါက်ဂရန် အငှားချ ထားပေးပြီးဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် (နန-၄၁) ဦးပိုင်အမှတ် ၁ မှ ၆ ထိမြေကွက် ၆ ကွက်မှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတာပါ။  ကျူးကျော်နေထိုင်သူတွေဟာ အရပ်စာချုပ်တွေနဲ့ ၀ယ်ယူနေထိုင်ခဲ့ကြသူတွေဖြစ်ပြီး ခြံ ၀န်း ခတ်ထားတဲ့ မြေကွက်ပေါင်း ၁၁၄ ကွက်နဲ့ နေအိမ် ၁၄ လုံးကို မြို့တော်စည်ပင်သာယာကျူးရှင်းလင်းရေးအဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024