A d v e r t i s e m e n t With Us

ဂါရက်ဘေးလ်ကိစ္စ ပြဿနာတစုံတရာမရှိဟု ဇီဒန်းပြော

ဂါရက်ဘေးလ်ဟာ အသင်းနဲ့ စာချုပ်ကျန်ရှိ နေသေးတဲ့အတွက် ဘာပြဿနာမှ မရှိသလို စောင့်ကြည့်သွားမယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကပြောကြားလိုက်ပါတယ်။ ဘေးလ်ဟာ ဘာနေဗျူးကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေကဖော်ပြနေပေမယ့် တကယ့် လက်တွေ့မှာတော့ မက်ဒရစ်မြေမှာပဲ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ဘေးလ်နဲ့ ပတ်သက်ပြီး ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အသင်းရဲ့ ပထမလူစာရင်းမှာ ထည့်သွင်းစေဖို့ ဇီဒန်းကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။  ဇီဒန်းရဲ့ အနာဂတ်စီမံကိန်းမှာ ဘေးလ်မပါဝင်ဘူးလို့ ပြောကြားထားခဲ့တာကြောင့် ကစားသမားနဲ့နည်းပြကြားမှာ ပြဿနာရှိနေတယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဇီဒန်းက ဘေးလ်နဲ့သူ့အကြားမှာ ဘာပြဿနာမှ မရှိခဲ့သလို ရှိလာမှာလည်း မဟုတ်ကြောင်း အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ကတော့ ဘာမဆိုဖြစ်နိုင်လို့ စောင့်ကြည့်ရမယ်လို့ ပြောကြားထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up