လီဗာပူးအသင်း အဝေးကွင်းတတိယဂျာဆီကို မိတ်ဆက်

616
လီဗာပူးအသင်းဟာ လာမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် အဝေးကွင်း တတိယဂျာဆီကို မိတ်ဆက်ခဲ့ပြီးတော့ စွဲဆောင်မှုရှိတဲ့ ဒီဇိုင်းကြောင့် လူစိတ်ဝင်စားမှု များနေပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမည်းရောင် အဝေးကွင်းဂျာဆီကို ပြန်လည်အသုံးပြုခဲ့တာပါ။
အမည်းရောင်ပေါ်မှာ အစင်းကြောင်းတွေနဲ့ပုံဖော်ထားပြီး စပွန်ဆာ နယူးဘဲလန့်စ်၊ အသင်းလိုဂိုတွေကို နီယွန်ပြာရောင် အသုံးပြုထားပြီး ရင်ဘတ်စပွန်ဆာနဲ့ လက်မောင်း စပွန်ဆာတွေကိုတော့ အဖြူရောင်အသုံးပြုထားပါတယ်။
လီဗာပူးဟာ အဆင့်မြင့်တဲ့ မြို့ဖြစ်ကြောင်း အငွေ့အသက်တွေပါဝင်တဲ့ ဒီဇိုင်းအဖြစ် ရည်ရွယ်ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ရင်ဘတ်အရှေ့ဘက်အစင်းကြောင်းတွေဟာ အထင်ကရဖြစ်တဲ့ လီဗာပူးမြို့ရဲ့လမ်းမတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။
ဂိုးသမားဝတ်စုံကိုတော့ အစိမ်းရောင်တမျိုးတည်းနဲ့သာ ရိုးရိုးရှင်းရှင်းထုတ်လုပ်ထားပါတယ်။