A d v e r t i s e m e n t With Us

Linkin Park အဖွဲ့ အဆိုတော် ချက်စတာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ

ကမ္ဘာကျော် Linkin Park ဂီတအဖွဲ့ရဲ့ အဆိုတော်ချက်စတာ ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်ကို လူငယ်တွေစုစည်းပြီး ဇူလိုင် ၂၀ ရက်နေ့ညနေက ရန်ကုန်မြို့ Boozeup Bar မှာ ပြုလုပ်ခဲ့ပါတယ်။  Linkin Park Myanmar ဖေ့ဘွတ်ခ်ပေ့ခ်ျက စီစဉ်မှုနဲ့ လူငယ်အများစုတက်ရောက်ခဲ့ကြပြီး ချက်စတာအမှတ်တရ ပန်းချီကားရေးဆွဲပြီး Linkin Park ရဲ့ နာမည်ကျော်သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။  ဒါ့အပြင် စိတ်ကျန်းမာရေး Mental Health နဲ့ပတ်သက်တဲ့ အသိပညာပေး အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ဖဲပြားတွေကိုလည်း ဝေငှခဲ့ပါတယ်။ Linkin Park ဂီတအဖွဲ့ရဲ့ အဆိုတော်ချက်စတာ ဘင်နင်တန်ဟာ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၄၁ နှစ်ရှိပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up