သင့်ကလေးကို sex education ဘယ်လိုသင်ပေးကြမလဲ ဟောပြောပွဲကျင်းပ

ကလေးငယ်တွေကို မိဘအုပ်ထိန်းသူတွေက လိင်အသိပညာပေးတတ်ဖို့ ရည်ရွယ်ပြီး သင့်ကလေးကို sex education ဘယ်လိုသင်ပေးကြမလဲ ဟောပြောပွဲကို ရန်ကုန်မြို့ UMFCCI မှာ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ကလေးငယ်တွေဟာ စကားပြောတတ်စအရွယ် သုံးနှစ်လောက်တည်းက စူးစမ်းတတ်တဲ့စိတ်ကြောင့် ဘဝနဲ့လိင်မှုဆိုင်ရာမေးခွန်းတွေကို မေးတတ်ကြပါတယ်။
ကလေးတွေမေးလာတဲ့အခါမှာ သူတို့နားလည်နိုင်တဲ့ စကားလုံးတွေနဲ့ အနူးညံ့ဆုံးရွေးချယ်ပြီး ရှင်းပြတတ်ဖို့ကို မိဘတွေက ကြိုးစားရမယ်လို့ ပြောပါတယ်။
သိပ္ပံနည်းကျ တိကျပြီး လက်တွေ့ကျတဲ့ သတင်းအချက်အလက်တွေကိုပေးပြီး အသက်အရွယ် ယဉ်ကျေးမှုနဲ့ သင့်လျော်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေကို အခြေခံပညာကျောင်းတွေမှာ သင်ကြားပေးနေပြီလို့ သိရပါတယ်။
ကလေးငယ်တွေအနေနဲ့ လိင်မှုဆိုင်ရာ အသိပညာတွေကို သူတို့အရွယ်အလိုက် အသိရှိနေမယ်ဆိုရင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပြီး သက်ငယ်မုဒိန်းမှုကိုကာကွယ်နိုင်သလို သူတို့ကိုယ်တိုင်ကျူးလွန်မှာကိုလည်း တားဆီးပေးနိုင်တယ်လို့ ဟောပြောပွဲမှာပါဝင်တဲ့ ဆရာဝန်တွေကပြောပါတယ်။
ဟောပြောပွဲမှာ စိတ်ပညာရှုထောင့်ကနေ ကလေးတွေရဲ့ လိင်မှုဆိုင်ရာဖွံ့ဖြိုးမှုကို ဆရာမကြီး ဒေါ်သက်ထားဝင်း၊ ဒေါက်တာဖြိုးသီဟနဲ့ ဒေါက်တာစိမ့်စမ်းဖြူတို့ကလည်း ကလေးငယ်တွေကို မိဘအုပ်ထိန်းသူတွေက လိင်အသိပညာပေးဖို့ကို ဟောပြောခဲ့ပါတယ်။
သတင်း၊ဓာတ်ပုံ- စုစု