A d v e r t i s e m e n t With Us

တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ်ကို ပြန်ခေါ်ရန် နယူးကာဆယ် ပြင်ဆင်

နယူးကာဆယ်အသင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်အကြာက ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကာရိုးလ်ဟာ ၂၀၁၁ ခုနှစ်က ဗြိတိန်အမြင့်ဆုံးပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းနဲ့လီဗာပူး အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ စတင်ကစားချိန်ကစပြီး ဒဏ်ရာပြသနာတွေနဲ့ လုံးပန်းခဲ့ရတဲ့ အဲ့ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီကလည်း ဝက်စ်ဟမ်းအသင်းအတွက် ၁၄ ပွဲသာ ကစားပေးထားနိုင်ပါတယ်။ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားတဲ့ ကာရိုးလ်ဟာ နယူးကာဆယ်အသင်းနဲ့ သံယောဇဉ်ကြီးမားခဲ့သူဖြစ်လို့ ပြန်သွားဖွယ်ရှိနေတာပါ။  နယူးကာဆယ်အသင်းအနနဲ့ကလည်း တိုက်စစ်မှူး ရွန်ဒွန်နဲ့ အရိုးပီရက်ဇ်တို့ ထွက်ခွာသွားခဲ့လို့ တိုက်စစ်မှူး လိုအပ်ချက်ရှိနေပြီး ဟော့ဖန်ဟိန်းအသင်းက ဂျိုးလင်တန်ကို ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up