A d v e r t i s e m e n t With Us

မိုးမောက်တွင် ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ငွေကျပ်သိန်း ၁,၅၄၀  တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက မူးယစ်တပ်ဖွဲ့စု (၁) ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ဖြိုးဝေအောင် (ခ) ဇီလေး မောင်းနှင်လာတဲ့ TOYOTA VIGO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။ ယာဉ်ရဲ့ နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၅၄ ကီလို၊ ငွေ ၁၅၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ ATM ကတ် ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဖြိုးဝေအောင် (ခ) ဇီလေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up