ကွန်ဂိုအမျိုးသမီး အီဘိုလာကူးစက်ခံရချိန် ရ၀မ်ဒါကို မသွားရောက်ခဲ့ဟု WHO ပြော

1.6K
ယူဂန္ဓာနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပျံနှံ့စေသူလို့ယူဆရတဲ့ ကွန်ဂိုအမျိုးသမီးဟာ ရောဂါကူးစက်ခံရချိန်အတွင်း ရ၀မ်ဒါ နဲ့ ကွန်ဂိုနိုင်ငံ ဂိုမာမြို့တွေကို မသွားရောက်ခဲ့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင် ၁၉ ရက်နေ့မှာ ပြောပါတယ်။
ဇူလိုင် ၁၈ ရက်နေ့က ယူဂန္ဓာကျန်းမာရေး ၀န်ကြီးဌာန ရေးသားတဲ့ အစီရင်ခံစာမှာ အဲဒီအမျိုးသမီးဟာ မသေဆုံးခင် ယူဂန္ဓာ၊ ရ၀မ်ဒါနဲ့ ကွန်ဂိုနိုင်ငံ ဂိုမာမြို့တွေကို သွားရောက်ခဲ့တယ် သံသယရှိတယ်ဆိုပြိး ဖော်ပြပါတယ်။
အဲဒီ အစီရင်ခံစာကြောင့် အီဘိုလာ မဖြစ်ပွားဖူးတဲ့ ရ၀မ်ဒါနိုင်ငံမှာ ရောဂါဖြစ်နေပြီဆိုတဲ့ စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
မကြာခင်မှာပဲ WHO က အဲဒီ အစီရင်ခံစာကို ရုပ်သိမ်းပြီး နေ့စဉ်သတင်းတွေ တက်နေတဲ့ ၀က်ဘ်ဆိုက်ကိုလည်း တချို့သတင်းတွေကို အတည်မပြုရသေးဘူးဆိုကာ ပိတ်ပစ်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေကလည်း အီဘိုလာရောဂါ အသိပညာပေး လုပ်ငန်းတွေနဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ဒေသတွင်း အဓိကလမ်းတွေနဲ့ နယ်စပ်ဒေသတွေမှာ လုပ်နေကြပါတယ်။
ရောဂါစဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၁ လကတည်းက သူတို့ဟာ လူပေါင်း ၇၅ သန်း နီးပါးကို ရောဂါ ရှိမရှိ စစ်ဆေးခဲ့ပြီးပါပြီ။ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ပြီလို့ ရိုက်တာသတင်း အရ သိရပါတယ်။