Home
မြန်မာသတင်း
သမုဒ္ဒရာထဲ ၂၁ နှစ်ကြာ မြောနေသည့် သက်တမ်းရင့် ပုလင်းစာ အမှတ်မထင်ရရှိ
DVB
·
July 20, 2019
ကျွန်းစုတစုဆီကို အလည်အပတ်ရောက်ရှိနေတဲ့ စကော့တလန်မိသားစုတခုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၁ နှစ်က ပေးပို့လိုက်တဲ့ ပုလင်းစာတစောင်ကို အမှတ်မထင် ရရှိခဲ့တယ်လို့ ဇူလိုင် ၁၉ ရက် UPI သတင်းမှာဖော်ပြပါတယ်။ “သူတို့ မိသားစုဟာ နော့တ်အူရစ် ကျွန်းကိုရောက်ရှိနေချိန်မှာ ကမ်းခြေတနေရာမှာ တင်နေတဲ့ ပလတ်စတစ်ဘူးတခုကို ရှာတွေ့ခဲ့တယ်” လို့ မိုက်ဘိုလမ်ကပြောပါတယ်။ “ဟဲလို၊ ကျနော့်နာမည်က မတ်ရိုးဒတ်ပါ။ ကျေးဇူးပြုပြီး ကနော့်ဆီ ဆီစာပြန်ရေးပါ” လို့ ဘူးထဲမှာပါဝင်တဲ့ စာမှာ ရေးသားဖော်ပြထားတယ်လို့လည်း ဘိုလမ်ကပြောပါတယ်။ အဲဒီနောက်မှာတော့ ဘိုလမ်ဟာ မတ်ရိုးဒတ်ကို တွစ်တာမှာ ရှာဖွေတွေ့ရှိခဲ့ပြီးတော့ ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ချိန်မှာလည်း ရိုးဒတ်က ဒါဟာ သူ့စာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရိုးဒတ်က သူဟာ ဒီစာကို အသက် ၁၃ နှစ်အရွယ်ဟမ့် ရှိုင်းယားမှာ နေထိုင်စဉ်က ရေးသားခဲ့တာဖြစ်ပြီ ပုလင်းကို ၁၉၉၈ ခုနှစ်မှာ မိန်းဒေသ ဝဲလ်မြို့ကနေတဆင့် သမုဒ္ဒရာထဲမြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီပလတ်စတစ်ဘူးဟာ သမုဒ္ဒရာတလျောက် ၂၈၃၃ မိုင်ကို  ၂၁ နှစ်ကျော်ကြာ လှည့်ပတ်သွားလာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ နော့်တ်အူးရစ်ကျွန်းကို ရောက်ရှိလာပြီး ဘိုလမ်တို့ မိသားစုက ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ “စာရွက်ဓာတ်ပုံကို ရိုက်ထားတဲ့ ဓာတ်ပုံကို မတွေ့မချင်း ဒါကိုတကယ်မဟုတ်ဘူးလို့ပဲ ထင်ခဲ့ပါတယ်။ တကယ့်စာရွက်ကိုလည်း မြင်လိုက်ရရော ကျနော်လုံးဝကို တုန်လှုပ်သွားခဲ့ရပါတယ်။ ဒီစာပါတဲ့ဘူးဟာ ကျနော့် သက်တမ်းတလျောက်လုံးနီးပါး ရေထဲမှာ မြောနေခဲ့တာဖြစ်ပြီး ဒီစာကိုနောက်နှစ် ၂၀ ကျော်ကြာတဲ့အချိနှ်မှာ ပြန်တွေ့ခဲ့ရမယ်လို့ ကြိုသိခဲ့ရရင် ကျနော် ဒီထက်ပိုပြီး ရေးသာားခဲ့မှာပါ” လို့ ဘိုလမ်ကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024