အဲဗာတန်ကို ပေါင် ၃၆ သန်းဖြင့် အာဆင်နယ်အသင်း ခေါ်ယူရန် နီးစပ်

အာဆင်နယ်အသင်းဟာ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး အဲဗာတန်ကို  ပေါင် ၃၆ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေခဲ့ပြီလို့ သိရသလို ခရစ္စတယ်ပဲလေစ့်အသင်း တိုက်စစ်မှူး ဝဲလ်ဖရိုင်းဇာဟာကိုလည်း ခေါ်ယူချင်နေသေးတယ်လို့ သိရပါတယ်။ အဲဗာတန်ကတော့ အာဆင်နယ်ကို ရောက်ရှိဖို့ အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိနေပေမယ့် ဇာဟာကတော့ ပဲလေစ့်အသင်းရဲ့ တရားဝင်ပြောင်းရွှေ့ကြေး ပေါင်းသန်း ၈၀ အနည်းဆုံး ပေးချေရမယ့် သတ်မှတ်ချက်ကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင့်မယ့် အခြေအနေကတော့ နည်းပါးနေပါတယ်။ အဲဗာတန်ဟာ နိုင်ငံအသင်းနဲ့အတူ ကိုပါအမေရိကဖလားမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့ ကလပ်အသင်းအများစုရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဘက်ဂျက် အခက်အခဲတွေ ရှိနေတဲ့ အာဆင်နယ်အသင်းအတွက် ဒီရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၄၀ လောက်ပဲ အသုံးပြုခွင့်ရခဲ့တာကြောင့် လက်ရှိမှာ ဘရာဇီးလ်လူငယ်ကစားသမား မာတင်နယ်လီ တဦးတည်းကိုပဲ ခေါ်ယူထားနိုင်ပါတယ်။ ဂျိုးဝေးလော့ခ်၊ ရီးနယ်လ်ဆင်တို့လို လူငယ်ကစားသမားတွေကို အသင်းကြီးအတွက် စတင်အသုံးပြုလာပြီး ခြေစမ်းပွဲစဉ်တွေမှာ အကောင်းဆုံးပုံစံ ပြသထားနိုင်လို့ နောက်ထပ်ကစားသမားသစ် ခေါ်ယူဖို့ကလည်း ရာခိုင်နှုန်းနည်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up