မန်ယူက ပေါ်တူဂီလူငယ်ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူရန် အခြေအနေကောင်း

ပေါ်တူဂီ လူငယ်ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လာမယ့်ရက်အတွင်းမှာ သဘောတူညီမှုရရှိဖို့ အခြေအနေ ကောင်းနေကြောင်း ပေါ်တူဂီအားကစား သတင်းစာတစောင်ဖြစ်တဲ့ အိုဂျိုဂိုမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အသင်းကနေ တရားဝင် စာချုပ်ဖျက်ထွက်ခွာကြေး ပေါင်သန်း ၉၀ ရှိတဲ့ လူငယ်ကစားသမားလေးအတွက် ယူနိုက်တက်ဘက်က ပေါင်သန်း ၇၀ ထိပေးပြီး ကမ်းလှမ်းနိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ဥရောပအသင်းကြီးတွေ မျက်စိကျလာခဲ့တဲ့ ဖာနန်ဒက်စ်ကို လီဗာပူးအသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် လက်တလောမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့သာ သတင်းတွေထွက်နေခဲ့တာပါ။ ဖာနန်ဒက်စ်ကို ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကလည်း ထောက်ခံထားပြီး စပို့တင်းလစ္စဘွန်း အသင်းအတွက် ပြီးခဲ့တဲ့ ရာသီ ၃၁ ဂိုးသွင်းယူပေးထားတဲ့ အဲ့ဒီကစားသမားဟာ အနာဂတ်အတွက် တောက်ပလာမယ့် ကစားသမားဖြစ်လာနိုင်တယ်လို့ ဘောလုံးသုံး သပ်သူတွေက ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up