ဖဲကြိုးနီ အမြန်ရထား- အိန္ဒိယရဲ့ HIV/AIDS တိုက်ဖျက်ရေးအစီအစဉ်
DVB
·
December 3, 2012

အိန္ဒိယနိုင်ငံတ၀ှမ်းလုံးကို ခရီးဆန့်မယ့် ဖဲကြိုးနီ အမြန်ရထားပေါ်မှာ လိုက်ပါလာသူဦးရေက ၂ သောင်းခွဲလောက်ရှိပါတယ်။ ဖဲကြိုးနီ ရထားဆိုတာကတော့ HIV/AIDS ပညာပေးရေးအတွက် စီစဉ်ထားတဲ့ အထူးရထား ၁ စင်းဖြစ်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာမှာ HIV/AIDS ဝေဒနာရှင် တတိယအများဆုံးရှိနေတဲ့ နိုင်ငံဖြစ်ပြီး ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်ကို ထိန်းသိမ်းရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရတုန်းပါပဲ။ ဒီအကြောင်း ဘစ္စမေလာ ဂီလာနီက သတင်းဆောင်းပါး ပေးပို့ထားပါတယ်။