A d v e r t i s e m e n t With Us

ခရစ်ကတ်နှင့် မွေထိုင်းကို အားကစားနည်းများအဖြစ် ရုရှား မသတ်မှတ်

ရုရှားအားကစားအဖွဲ့ချုပ်ဟာ ခရစ်ကတ်နဲ့ မွေထိုင်းတို့ကို အားကစားနည်းတွေအဖြစ် မသတ်မှတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားခရစ်ကတ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ နယူးဇီလန်အသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ပြီးတော့ နိုင်ငံမီဒီယာတွေမှာ ဂုဏ်ယူဖော်ပြပြီးချိန် ရုရှားနိုင်ငံက အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးရသတင်းတွေမှာတော့ ခရစ်ကတ်နဲ့ မွေထိုင်းကို လုံးဝပိတ်ပင်ခဲ့တာ မဟုတ်ပေမယ့် နိုင်ငံအားကစားအဖွဲ့ချုပ်ဘက်ကတော့ ထောက်ပံ့မှုတစုံတရာပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ခရစ်ကတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကိုတော့ သြစတြေးလျအသင်းက ၅ ကြိမ်ထိရရှိထားပြီး အိန္ဒိယအသင်းက ၂ ကြိမ်၊ အနောက်အိန္ဒိယက ၂ ကြိမ်၊ အင်္ဂလန်က ၁ ကြိမ်၊ ပါကစ္စတန်က ၁ ကြိမ်၊ သီရိလင်္ကာက ၁ ကြိမ် ရရှိထားပါတယ်။ ဒါ့ကြောင့် ရုရှားက လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ခရစ္စကတ်ဟာ တကမ္ဘာလုံးမှာ ၂ ဘီလီယံလောက် ပရိသတ်ရှိနေပြီးတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဗြိတိန်ဒေသတချို့မှာ လူကြိုက်များတဲ့ အားကစားနည်းဖြစ်နေတာကြောင့် အန်ဂလို ဆက်ဆွန်တွေရဲ့ ပြိုင်ပွဲဖြစ်လာလိမ့်မယ်ဆိုပြီး လှောင်ပြောင်ရေးသားတာတွေလည်း ရှိနေပါတယ်။ အန်ဂလိုဆက်ဆွန်ဆိုတာကတော့ ၅ ရာစုကနေ ၁၀ ရာစုကျော်လောက်ထိ အင်္ဂလန်နယ်စပ်နဲ့ ဝေးလ်စ်နိုင်ငံတို့မှာ အခြေချခဲ့တဲ့ လူမျိုးတွေကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up