မန္တလေးမြေငလျင်စခန်းမှ ၄၃၆ မိုင်အကွာတွင် အင်အား ၅.၆ အဆင့်ရှိ မြေငလျင်လှုပ်

မန္တလေးမြေငလျင်စခန်းမှ ၄၃၆ မိုင်လောက်အကွာ မြန်မာနိုင်ငံ ပြည်ပမှာ အင်အား ၅.၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၅၂ မိနစ်၊ ၁၉ စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၄၃၆ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ (Eastern Xizang-India Border Region) မြောက်လတ္တီတွဒ် ၂၇.၅၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၂.၈၁ ဒီဂရီ၊ အနက် ၄၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up