A d v e r t i s e m e n t With Us

တေလာဆွစ်ဖ်ကို ကြောင်မလေးအသွင်မြင်တွေ့ရမည့် အန်နီမေးရှင်းဂီတဒရာမာရုပ်ရှင်-Cats (နမူ နာ)

ပေါ့ပ်စတား အဆိုတော် တေလာဆွစ်ဖ်ဟာ Cats အမည်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားထဲမှာ အဓိက ဇာတ်ဆောင်အနေနဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က ဖြန့်ချိမယ့် ဒီရုပ် ရှင်ကားကိုတော့ ဗြိတိန်-သြစတြေးလျရုပ်ရှင်ဒါရိုက်တာ Tom Hooper က ရိုက်ကူးပုံဖော် ပေးထားတာပါ။        Cats ရုပ်ရှင်ဟာ ၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာ ကဗျာဆရာတဦးထဲမှာ ပါဝင်တဲ့ ဗြိတိန်ကဗျာဆရာ T.S Elliot ရဲ့ Old Possum's Book of Practical Cats စာအုပ် ကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို စင်တင်ဂီတပြဇာတ်အနေနဲ့ ကပြခဲ့ဖူးပြီး အောင်မြင်မှုရရှိခဲ့ကာ ရုပ် ရှင်အနေနဲ့ ရိုက်ကူးတာကတော့ ဒါပထမဆုံး ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တေလာဆွစ်ဟာ ဂီတလောကမှာ အောင်မြင်တဲ့ အနုပ ညာရှင်တဦးဖြစ်တာမို့ ရုပ်ရှင်အနေနဲ့ ရိုက်ကူးမယ့် ဒီကားထဲမှာရော ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ ဖမ်းစားဦးမလဲဆိုတာကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ အမေရိကန် အဆိုတော် သရုပ် ဆောင်မင်းသမီး Jennifer Hudson၊ ဗြိတိန်သရုပ်ဆောင်မင်းသား James Corden စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အန်နီးမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ဂီတဒရာမာ ရုပ်ရှင်ကားတကားအဖြစ် ဖန် တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ရုံတင်ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up