ထွက်ပြေးခြင်းကသာ အမှန်တကယ်ရှုံးနိမ့်ခြင်းဟု ဗြိတိန်လက်ဝှေ့ကျော်ပြော

ထွက်ပြေးခြင်းကသာ အမှန်တကယ်ရှုံးနိမ့်ခြင်းဖြစ်ပြီး ဘယ်တော့မှ အားမလျော့ဘူးလို့ ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့ကျော် အန်တိုနီဂျော်ရွှာက ပြောကြားလိုက်ပါတယ်။ အန်ဒီရုဇ်ဂျူနီယာနဲ့ ထိုးသတ်တဲ့ပွဲစဉ် ၇ ချီမြောက်မှာ အလဲထိုးနဲ့ ရှုံးနိမ့်ထားတဲ့ ဂျော်ရွှာဟာ ကစားသမားဘဝ ပထမဆုံးရှုံးပွဲကို တွေ့ကြုံခဲ့ရပေမယ့် စိတ်ဓာတ်မကျဘဲ ဂျုနီယာနဲ့ မကျေပွဲပြန်လည်ထိုးသတ်ဖို့ကို စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အရင်ကထက်ပိုပြီး စိတ်ဓာတ်တက်ကြွနေသလို မကျေပွဲအတွက်လည်း အဆင်သင့်ဖြစ်နေပြီလို့ အင်တာဗျူးတခုမှာ ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာ့နံပါတ် ၁ လက်ဝှေ့သမားဖြစ်တယ်ဆိုတာကို ပြသဖို့အပြင် ကမ္ဘာ့ချန်ပီယံဘွဲ့ကို နှစ်ကြိမ်မြောက် ပြန်လည်ရရှိဖို့ ရည်ရွယ်နေတယ်လို့လည်း ဆိုပါတယ်။ ဂျော်ရွှာဟာ မက်ဆီကန်လက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာရဲ့ လက်သီးချက်တွေအောက်မှာ ၄ ကြိမ်တိတိ လဲကျခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်တလောမှာတော့ ဂျော်ရွှာနဲ့ ဂျူနီယာတို့ရဲ့ မကျေပွဲပြန်လည်ထိုးသတ်ဖို့အတွက် ဖြစ်နိုင်ချေများနေပြီးတော့ ပြီးခဲ့တဲ့ပွဲ ထိုးသတ်ခဲ့တဲ့ အမေရိကန်နိုင်ငံ မက်ဒီဆင်စကွဲ ဂါးဒင်း ဒါမှမဟုတ် အင်္ဂလန်နိုင်ငံ ကာဒစ်ဖ်က ပရင်စပယ်ကွင်းမှာ ထိုးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up