လူ ၃၃ ဦး သေဆုံးခဲ့သည့် မီးရှို့မှု ယခင်က မကြုံခဲ့ဖူးဟု ကျိုတိုရဲအကြီးအကဲ ပြော

815
လူ ၃၃ ယောက် သေဆုံးတဲ့ ဂျပန်ကာတွန်းရုပ်ရှင်စတူဒီယို ရှို့မီးမျိုးကို အရင်က မကြုံဖူးသလို ခွင့်လွှတ်လို့ မရကြောင်း ကျိုတိုရဲတပ်ဖွဲ့ အကြီးအကဲက ဇူလိုင် ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဇူလိုင် ၁၈ ရက်က လူယောက်ဟာ ကျိုတို ကာတွန်းရုပ်ရှင် စတူဒီယို အဆောက်အဦ ၀င်ပေါက်ကို ဓာတ်ဆီဖြစ်ပုံရတဲ့ အရည်တွေ လောင်းပြီးနောက် မီးရှို့ခဲ့တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။
အဲဒီသံသယဖြစ်ဖွယ် မီးရှို့သူဟာ အသက် ၄၁ နှစ်အရွယ် ရှင်းဂျီ အာအိုဘာ ဆိုသူ ဖြစ်တယ်လို့ NHK သတင်းက ဆိုပါတယ်။ ရဲတပ်ဖွဲ့က သူ့ကို ထိန်းသိမ်းချိန်မှာ မီးရှို့ခဲ့တယ်လို့ အာအိုဘာက ပြောခဲ့တာပါ။
အာအိုဘာက အဲဒီစတူဒီယိုဟာ သူ့ဝတ္တုကို ခိုးယူခဲ့တယ်လို့ ယုံကြည်တာကြောင့် မီးရှို့ခဲ့တယ်လို့ စုံစမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြိး ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။
ဒီမီးရှို့မှုဟာ ဆယ်စုနှစ် နှစ်ခုအတွင်း ဂျပန်နိုင်ငံမှာ အဆိုးရွားဆုံး လူအစုလိုက် လူသတ်မှုဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။