သက်ငယ်မုဒိမ်းတားဆီးကာကွယ်ရေး ဖြိုးပြည့်စုံနှင့် အေသင်ချိုဆွေတို့ ပါဝင် ဆွေးနွေး

827
ကလေးသူငယ်တွေ လုံခြုံစေဖို့အတွက် သက်ငယ်မုဒိမ်း တားဆီးကာကွယ်ရေး ဆိုင်ရာဆွေးနွေးပွဲကို ဇူလိုင် ၁၉ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ စိတ်ကျန်းမာရေးဆရာဝန်ကြီးတွေဖြစ်တဲ့ ပါမောက္ခ ဒေါက်တာခင်မြင့်၊ ဒေါက်တာစိုးရွှေ၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်း (ဆရာဒေါင်းမာန်ဟုန်)၊ Lady Grace Diamond Land ဥက္ကဋ္ဌ ဒေါ်နန်းတင်မိုးသူနဲ့ အဆိုတော် ဖြိုးပြည့်စုံနဲ့ အေသင်ချိုဆွေတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအသိပညာတွေကို သင်ပေးတဲ့အပြင် သူတို့ကိုယ်တိုင် ကာကွယ်တတ်ဖို့အတွက်လည်း လိုတဲ့အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ရင်သွေးတို့ဘဝလှပဖို့ သက်ငယ်မုဒိမ်းရန်မှကာကွယ်စို့ ခေါင်းစဉ်နဲ့ ဒီဆွေးနွေးပွဲကို ကလေးငယ်တွေနဲ့ မိသားစုဝင်တွေတက်ရောက်ခဲ့ကြပါတယ်။
သတင်း၊ဓာတ်ပုံ-စုစု