A d v e r t i s e m e n t With Us

အိန္ဒိယတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၉၇ ဦးအထိ မြင့်တက်

အိန္ဒိယနိုင်ငံ ဘီဟာနဲ့ အာသံပြည်နယ်တွေမှာ မိုးများပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၉၇ ယောက်အထိ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က ရေမြုပ်နေတဲ့ အမျိုးသားဥယျာဉ်အတွင်း ဇူလိုင် ၁၇ ရက်နေ့က ကယ်ဆယ်ရေးအဖွဲ့ဟာ ကြံ့ပေါက်လေး တကောင်ကို ကယ်တင်ခဲ့ပါတယ်။ ရေကြီးမှုကြောင့် တိရစ္ဆာန် ၄၃ ကောင်ထက်မနည်း သေဆုံးပြီး တိရစ္ဆာန်ဖမ်းသူတွေဟာ ရေကြီးတာကို အခွင့်ကောင်းယူပြီး တိရစ္ဆာန်တွေကို ပစ်မှတ်ထားလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး သစ်တောဝန်ထမ်းတဦးက “သူတို့ဟာ ကြံ့ပေါက်လေး နှစ်ကောင် ကယ်ဆယ်ထားပြိး ဆေးကုသပေးကာ စောင့်ရှောက်ရေးအခန်းမှာ ထားတယ်၊ ကြံ့လေးတွေ ကျန်းမာရေးကောင်းတာနဲ့ သူတုံကို တောထဲ ပြန်လွှတ်သွားမယ်” လို့ ပြောပါတယ်။ မျိုးတုံးပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေ နေထိုင်ရာ ကတ်ဇီရန်ဂါ ဥယျာဉ်မှာ ရေက ခါးအထိ နက်တာမို့ တိရစ္ဆာန်တွေဟာ ကုန်းမြင့်တွေမှာ ခိုလှုံနေရသလို တချို့ကလည်း ရွာတွေထဲ ရောက်ကုန်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up