အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင်ကျင်းပ (ဓာတ်ပုံ)







1.4K
၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ ဇူလိုင် ၁၉ရက် မနက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အာဇာနည်ကျောက်တိုင်ပန်းခြံမှာ ကယားပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ အချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အခမ်းအနားတက်ရောက်လာသူတွေက ကျဆုံးသွားသူတွေအတွက် အလေးပြုခဲ့ကြပါတယ်။
ဒီနောက် ပြည်နယ်အစိုးရ၀န်ကြီးချုပ်နဲ့ ၀န်ကြီးဌာနတွေ၊ နိုင်ငံရေးပါတီတွေ နဲ့ ဌာနဆိုင်ရအဖွဲ့အစည်းတွေက အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။
လွမ်းသူပန်းခွေချ အလေးပြုပြီးနောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှိရာ ကန္တဟေ၀န်ပန်းခြံဆီ ဆက်လက်သွားရောက်ကာ ဗိုလ်ချုပ်ကြေးရုပ်တုရှေ့မှောက် အလေးပြုခဲ့ကြပါတယ်။
အရင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှိရာ ကန္တဟေ၀န်ပန်းခြံကို လူဝင်ထွက်ခွင့်မပြုဘဲ ပိတ်ထားရာကနေ ဒီကနေ့ကစပြီး ဖွင့်ထားတော့မယ်လို့ ရဲတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။