A d v e r t i s e m e n t With Us

ဂိုဏ်းဖွဲ့အကြမ်းဖက်မှုများ လျှော့ကျစေရေး တောင်အာဖရိက တပ်ဖွဲ့ဝင်များ စေလွှတ်

ဂိုဏ်းဖွဲ့အကြမ်းဖက်မှုတွေ လျှော့ကျစေဖို့အတွက် တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့က လူဆိုးဂိုဏ်းထူပြောတဲ့ ဆင်ခြေဖုံးတွေကို တပ်ဖွဲ့ဝင်တွေအား ဇူလိုင် ၁၈ ရက်နေ့က စေလွှတ်ခဲ့ပါတယ်။ ဂိုဏ်းဖွဲ့ အကြမ်းဖက်မှုတွေကြောင့် ဇန်န၀ါရီလကစလို သေဆုံးသူ ရာချီရှိခဲ့ပြီး တာဝန်ရှိသူတွေက အဲဒီနေရာကို တာဝန်ရှိသူတွေက “စစ်ဇုန်”နဲ့ ခိုင်းနှိုင်းထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပြိးခဲ့တဲ့ ၇ လက ဆင်းရဲသား လူမည်းနဲ့ လူမျိုးစုံတဲ့ ရပ်ကွက်တွေမှာ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်္း ၂၀၀၀် ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ တ၀က်နီးပါးဟာ လူဆိုးဂိုဏ်းတွေနဲ့ ပတ်သက်နေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့်မို့ တောင်အာဖရိက အမျိုသား ကာကွယ်ရေးတပ်က "PROSPER" စစ်ဆင်ရေး အတွင်း အထောက်အပံ့ပေးနိုင်ဖို့ တပ်ရင်းတရင်း ဖြန့်ကြက်ထားမယ်လို့ ဇူလိုင် ၁၂ ရက်နေ့မှာ ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို အလုပ်လက်မဲ့နဲ့ မူးယစ်ဆေးသုံးစွဲမှု ထူပြောပြိး ဂိုဏ်းရာဇ၀တ်မှုတွေ တွန်းအားပေးတဲ့ Cape Flats လို့ခေါ်တဲ့ ဒေသတွေမှာ ပြုလုပ်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up