အင်္ဂလန်နောက်ခံလူ ထရစ်ပီယာ အက်သလက်တီကိုအသင်းသို့ ပြောင်းရွှေ့

567
ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်တခုဖြစ်ပေမယ့် အက်သလက်တီကို မက်ဒရစ်အသင်းကနေ စိတ်ဝင်စားလာတယ်လို့ သိရတဲ့အချိန်မှာ နှစ်ခါမစဉ်းစားပဲ ပြောင်းရွှေ့ခဲ့တာ ဖြစ်ကြောင်း အင်္ဂလန်နောက်ခံလူ ထရစ်ပီယာက ပြောပါတယ်။
ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီးတော့ အလွတ်တည်ကန်ဘောတချို့ကြောင့် နာမည်ကြီးလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက စပါးအသင်းမှာ ပွဲထွက်ခွင့် သိပ်မရခဲ့လို့ စပိန်မြေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ထရစ်ပီယာကို ခေါ်ယူဖို့အတွက် အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ ပေါင်သန်း ၂၀ ကျော် အသုံးပြုခဲ့ရတယ်လို့လည်း သိရပါတယ်။
ထရစ်ပီယာဟာ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ကမ္ဘာ့အဆင့်အတန်းမီ ကလပ်အသင်းဖြစ်သလို ကမ္ဘာ့အဆင့်ရှိ နည်းပြရှိတဲ့ အသင်းဖြစ်ပြီး သူ့အနေနဲ့လည်း အသင်းအောင်မြင်မှုရရှိအောင် ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။