Home
မြန်မာသတင်း
ခါရာ၊ ထွန်းကိုကိုနှင့် အားဝေတို့ရဲ့ အချစ်ဟာသဒရာမာရုပ်ရှင်-လက်ထပ်ပါရစေ(နမူနာ)
DVB
·
July 19, 2019
မြန်မာ အချစ်ဟာသ ဒရာမာရုပ်ရှင်ကားတကား ဖြစ်တဲ့ လက်ထပ်ပါရစေ ရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ မဟော်ဂနီရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီ လွင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အပျိုကြီးမမတယောက်နဲ့ ပတ်သက်လာတဲ့ အမျိုးသားတွေကြား ပေါ့ပေါ့ပါးပါး အ ချစ်ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားထဲက အ ဓိက ဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခါရာ၊ ထွန်း ကိုကိုနဲ့ အားဝေတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားဝါရင့်သရုပ်ဆောင်တွေ ဖြစ် ကြတဲ့ ရန်အောင်၊ ရာဇာနေ၀င်း၊ မေသန်းနုစတဲ့ သရုပ်ဆောင်တွေကလည်း ပါဝင်ထားကြပါတယ်။ လက်ထပ်ပါရစေ ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါ တယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သိန်းနီးပါး ရှိနေပါပြီ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024