Home
မြန်မာသတင်း
အိန္ဒိယသင်္ချာပညာရှင် Anand Kumar ရဲ့ နာမည်ကျော် ပညာရေးအစီအစဉ် Super 30 အ ကြောင်းရုပ်ရှင်(နမူနာ)
DVB
·
July 19, 2019
ဘောလိဝုဒ် အထုပ္ပတ္တိ ဒရာမာ အမျိုးအစားရုပ်ရှင်ကားတကားဖြစ်တဲ့ Super 30 ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ရုံတင်ပြသနေပါတယ်။ ဒီကားကိုတော့ အိန္ဒိယ ရုပ်ရှင်ဒါရိုက်တာ Vikas Bahl က ရိုက်ကူးပုံဖော်ပေးထား တာဖြစ်ပြီးအိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်ကြတဲ့ Reliance Entertainment နဲ့ PVR Pictures တို့က ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံမှ သင်္ချာပညာရှင် Anand Kumar ရဲ့ ဘ၀ဇာတ် ကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ Anand Kumar ဟာ ကြွယ်ဝချမ်းသာ တဲ့ မိသားစုက ကလေးတွေကို စာသင်ပေးရာကနေ ဆင်းရဲနွမ်းပါးပြီး ချို့တဲ့တဲ့ အိန္ဒိယ နည်းပညာတက္ကသိုလ်(IIT) စာမေးပွဲဝင် ခွင့်ဖြေဆိုမယ့် ကျောင်းသားကလေးတွေကို သင်ကြား လေ့ကျင့်ပေးခဲ့သူ တယောက်ဖြစ်ပြီး Super 30 ဆိုတဲ့ သူ့ရဲ့ ပညာရေးအစီအ စဉ်နဲ့ ထင်ရှားသူတယောက် ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား Hrithik Roshan ကို Anand Kumar  အဖြစ် ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး တခြားသရုပ် ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Mrunal Thakur၊ Virendra Saxena နဲ့ Pankaj Tripathi တို့ကလည်း ပါဝင်သရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၅၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 8.8 အထိ ရရှိထားပြီး ဒီရုပ်ရှင်ကား Trailer ကို Youtube ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ သန်း ၅၀ ကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024