အေဂျက်ဇ်အသင်းခေါင်းဆောင် နောက်ခံလူ ဒီလစ်ကို ဂျူဗင်တပ် ခေါ်ယူ

အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ အေဂျက်ဇ်အသင်းခေါင်းဆောင် နောက်ခံလူ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင် သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဟော်လန်လက်ရွေးစင် ဒီလစ်ဟာ ပြီးခဲ့တဲ့ အပတ်ကတည်းက သူ့ရဲ့အေးဂျင့်ဖြစ်သူရဲ့ ပြောပြချက်အရ ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့ဖို့ သေချာနေခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဟာ ဇူလိုင် ၁၇ ရက်က အသင်းဆီ လာရောက်ကာ ဆေးစစ်မူပြုလုပ်ခဲ့ပြီး အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီလစ်အတွက် ဂျုဗင်တပ်အသင်းက ပြောင်းရွှေ့ကြေး အဖြစ်ပေါင် ၆၇.၈ သန်း ကနဦး ပေးချေရမယ်လို့ သိရပါတယ်။ ဒီလစ်ကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ မန်ယူနိုက်တက်အသင်းတွေကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြပေမယ့်လည်း ဂျူဗင်တပ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလစ်ဟာ ဂျူဗင်တပ်အသင်းမှာ တနှစ်လုပ်ခပေါင် ၁၀.၇၅ သန်းအထိ ရရှိမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up