အာဇာနည်ခေါင်းဆောင်များအတွက် ဆုတောင်းပွဲ တာမွေ မွတ်စလင် ဘရ်စတာန် ဥယျာဉ်တွင်ကျင်းပ
၇၂ နှစ်မြောက် အာဇာနည်နေ့အထိမ်းမှတ် အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဦးရာဇာတ်၊ ရဲဘော်ကိုထွေးတို့အတွက် ဇိယာသ်ပြု ဆုတောင်းမေတ္တာပို့သပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မွတ်စလင် ဘရ်စတာန်ဥယျာဉ်တော်မှာ ဒီနေ့မနက် ကျင်းပပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇာတ်က မိခင်က ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဖခင်က မွတ်စလင်ဘာသာဝင်ဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း လုပ်ကြံခံရပြီး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။
ရဲဘော်ကိုထွေးကတော့ ဦးရာဇာတ်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တာဖြစ်ပြီး သေဆုံးချိန်မှာတော့ အသက် ၁၈နှစ်လောက်ကာ ရှိပါသေးတယ် ။
ဒီနေ့ဆုတောင်းမေတ္တာပို့ပွဲ အခမ်းအနားကိုတော့ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေက တက်ရောက် အလေးပြုကြပါတယ်။