၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြည်ကြီးတံခွန်တွင် ကျင်းပ
DVB
·
July 19, 2019
ဒီနေ့ ကျရောက်တဲ့ ၇၂ မြောက် အာဇာနည်နေ့ အောက်မေ့ဘွယ် အခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ် မန္တ္တလာတခွန်ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံ ဗိုလ်ချုပ် အောင်ဆန်းရုပ်တုနဲ့ ရင်ပြင်မှာ ၇၂ မြောက် အာဇာနည်နေ့ အောက်မေ့ဘွယ်အခမ်းအနားကို ဇူလိုင် ၁၉ ရက်နေ့မနက်က ကျင်းပခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည် ၉ ဦးတို့ကို ရည်စူးပြီး သံဃာတော်အပါး ၅၀၀ ကျော်ကို ဆွမ်းလောင်းဆွမ်းကပ်ပြီး အမျှပေးဝေခဲ့ကြပါတယ်။
အောင့်မေဖွယ်အခမ်းအနားကို ၁၀ နာရီ ၃၇ မှာ ဆက်လက်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - အောင်အောင်နိုင်