မက်ဂွိုင်းယားအတွက် ကမ်းလှမ်းမှု ၂ ခုကို ပယ်ချခဲ့ဟု လက်စတာနည်းပြ ပြော

နောက်ခံလူ မက်ဂွိုင်းယားအတွက် ကမ်းလှမ်းမှုနှစ်ခုကို ပယ်ချထားခဲ့တယ်လို့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက အတည်ပြုလိုက်ပါတယ်။ လက်စတာအသင်းဟာ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ခန့်ရမှ ရောင်းချမှာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက သတ်မှတ်ထားတဲ့ ဈေးနှုန်းကို မပေးနိုင်တဲ့အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သလို ထိပ်တန်းအသင်းကြီး တသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့တယ်လို့ နည်းပြ ရော်ဂျာက အတည်ပြုသွားခဲ့တာပါ။ နောက်ခံလူ မက်ဂွိုင်းယားဟာ စကန်တော်ပီအသင်းကို အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပါတယ်။ မက်ဂွိုင်းယားဟာ ထိပ်တန်းကစားသမားဖြစ်ပြီး အသင်းကနေ သူထွက်ခွာမယ်ဆိုရင်တော့ ကစားသမားသစ်တဦး ရှာဖွေသွားရမှာဖြစ်တယ်လို့ ရော်ဂျာက ဆိုပါတယ်။ မက်ဂွိုင်းယားကို မန်ယူနဲ့ မန်စီးတီးအသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up