Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှု ပြန်သုံးစွဲခွင့်ပြုရန် အရေးကြီးအဆို လွှတ်တော်ခွင့်မပြု
DVB
·
July 18, 2019
ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို  အင်တာနက် ဖြတ်တောက်ထားမှုကို ပြန်လည်သုံးစွဲခွင့်ပြုပေးဖို့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ခွင့်မပြုဘဲ ပယ်ချလိုက်ပါတယ်။ အဲဒီအရေးကြီးအဆိုကို ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇူလိုင် ၁၇ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်း မှာတော့ လွှတ်တော်ဥက္ကဋ္ဌထံက ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့တယ်လို့ အဆိုတင်သွင်းခဲ့သူက ဆိုပါတယ်။ "ဒီအဆိုက ပြည်နယ်လွှတ်တော်မှ တင်ပြီးသားပါ။ ပြည်နယ်လွှတ်တော်မှာ အတည် ဖြစ်တယ်။ ဒါပေမယ့် အခုချိန်ထိ ဘာမှဆောင်ရွက်ခြင်းမရှိဘူး။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်မှာ တင်သွင်းရတာပါ။ ခွင့်မပြုခဲ့ဘူး။ အရေးကြီး အဆိုတခုဟာ လတ်တလော ဖြစ်ပျက်နေတာကိုပဲ တင်လို့တယ်ဆိုပြီး အကြောင်းပြန်တယ်။ ဒါကလည်း လတ်တလောဖြစ်တဲ့ အရာပါဘဲ။ မနေ့ကတင်တာ။ အခု မနက် အကြောင်းပြန်ပါတယ်"လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က စတင်ပြီး အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီဖြတ်တောက်ဖို့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပို့ဆောင်ရေးနှင့် ဆင်သွယ်ရေးဝန်းကြီးဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024