A d v e r t i s e m e n t With Us

စစ်ကိုင်းတိုင်း ဝန်ကြီးသစ်နှင့် တပ်မတော်သားကိုယ်စားလှယ် ၁ ဦး ကျမ်းသစ္စာကျိန်ဆို

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့  အစားထိုးခန့်အပ်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ခင်မောင်လွင်တို့ ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ အကြိမ် ၂၀ မြောက်ပုံမှန် အစည်းအဝေးကို ဇူလိုင် ၁၈ ရက်နေ့က ပြန်လည် စတင်ကျင်းပရာမှာ  ပြီးခဲ့တဲ့ ၁၉ ကြိမ်မြောက် တိုင်းလွှတ်တော် အစည်းအဝေးက အတည်ပြုထားတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးသစ်က လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်မှာ ကတိသစ္စာပြုပြီး ကတိ သစ္စာပြုလွှာမှာ လက်မှတ်ရေးထိုးခဲ့တာပါ။  ဒီအစည်းအဝေးမှာ လွှတ်တော်ကို တက်ရောက်ခွင့်ရှိသူ ၁၀၀ ဦးရှိတဲ့အထဲက ၈၆ ဦးတက်ရောက်ခဲ့ပြီး ပထမနေ့မှာတော့ ကိုယ်စားလှယ် ၅ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ သက်ဆိုင်တဲ့ ကြယ်ပွင့်ပြ မေးခွန်း ၅ ခုကိုလည်း မေးမြန်းခဲ့ကြပါတယ်။  အစည်းအဝေး အစီအစဉ် ၈ အရ နိုင်ငံတော်သမ္မတထံကနေ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မယ့်သူရဲ့ အမည်စာရင်းကို လည်း ဥက္ကဋ္ဌက လွှတ်တော်ကို တင်သွင်း ဖတ်ကြားခဲ့ပြီး ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းကြဖို့ကိုလည်း ကြေညာခဲ့ပါတယ်။ လက်ရှိတိုင်းတရားသူကြီးချုပ်ကတော့ သက်ပြည့်ပင်စင်နဲ့ အနားယူသွားပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးသစ်အဖြစ်ခန့်အပ်ဖို့  ခေတ္တတရားသူကြီးချုပ် ဦးမျိုးမောင် ကို အမည်စာရင်းတင်သွင်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up