ရှမ်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် ဦးခွန်ထွန်းဦးနှင့် မေးမြန်းချက်
နန်းမြနဒီ
·
November 30, 2012

ရှမ်းတိုင်းရင်းသားအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၈ ရက်နေ့ထိ ၃ ရက်တာ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပဋိပက္ခတွေ လုံးဝအဆုံးသတ်ရေး၊ နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်ရာတွေကို တွန်းအား ပေးသွားမယ်လို့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၄ နာရီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဆွေးနွေးပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။