A d v e r t i s e m e n t With Us

H1N1 ရောဂါ စောင့်ကြည့်သည့်စနစ် ပိုအားကောင်းရန်လိုဟု WHO တိုက်တွန်း

H1N1 ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုတဲ့စနစ်တွေ ပိုအားကောင်းဖို့ လိုတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး လက်ရှိတုံ့ပြန် ဆောင်ရွက်တာတွေက အားကောင်းပေမယ့် ဒီ့ထက်ပိုပြီး အားကောင်းဖို့လိုတယ်လို့ ဆိုပါတယ်။ ဒါမှသာ အမှန်တကယ်ရောဂါအတွက် ထိထိရောက်ရောက်ထောက်ပံ့ဖို့ လိုအပ်တဲ့နေရာတွေ ကို ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ စောင့်ကြပ်ကြည့်ရူတဲ့ လုပ်ငန်းစဉ်တွေကို အားကောင်းအောင် လုပ်ဖို့ ဆိုပါတယ်။ ဇူလိုင် ၁၆ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ H1N1 ရောဂါပိုးကူးစက်ထားပြီး သေဆုံးခဲ့သူ ၅၆ ဦး၊ ရောဂါဖြစ်ပွားနေသူ ၂၈၀ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ တုပ်ကွေးရောဂါပြင်းထန်တာတွေမဖြစ်စေဖိုနဲ့ ကူးစက်တာကိုကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင်ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်တာတွေ လုပ်သင့်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အကြံပြု ထုတ်ပြန်ထားပါတယ်။ မေစု

A d v e r t i s e m e n t With Us

More News
Up