Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
July 18, 2019
66756949_1350171198471288_3177067637624537088_n
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇူလှိုင် ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၁၇ မိနစ်၊ ၃၆ စက္ကန့် အချိန်က မိုးညှင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၄၀ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024