Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မည့်အပေါ် ကန့်ကွက်ဆန္ဒပြ
စိုးမိုးအောင်
·
July 17, 2019
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ပုဒ်မ၅၉(စ)မပြင်ဆင်ရေးနဲ့ သံဃာအချင်းချင်း သင်းကွဲအောင် သွေးခွဲနေသူတွေကို ဆန့်ကျင်ရှုတ်ချပွဲကို ဒီကနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ အမျိုးသားရေးအင်အားစုတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ အပါအ၀င် လူပေါင်း ထောင်နဲ့ချီပါဝင်ခဲ့ကြပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်မယ့်အပေါ် ထောက်ခံတာနဲ့ ကန်ကွက်တာတွေကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တရက်ထဲ  ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်မယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီရဲ အစီရင်ခံစာကို ထောက်ခံတဲ့လှုပ်ရှားမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူဦးရေ ၁၀၀၀ လောက်နဲ့ ပြုလုပ်ခဲ့ပြီး ဟောပြောပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024