မြန်မာတပ်မတော်အရာရှိများကို စစ်လက်နက်ပြပွဲတက်ရောက်ခွင့် အစ္စရေးပိတ်ပင်
DVB
·
July 17, 2019
အစ္စရေးနိုင်ငံမှာ ပြုလုပ်မယ့် စစ်လက်နက်ပစ္စည်းဆိုင်ရာပြပွဲကို မြန်မာ့တပ်မတော် အရာရှိတွေ လာရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်တယ်လို့ အစ္စရေး နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတကာ လက်နက်ရောင်းဝယ်ခွင့် ပိတ်ပင်ထားမှုနဲ့ ငြိစွန်းနေတဲ့အတွက် ခုလိုလုပ်ဆောင်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းဝယ်မှု ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ အခုလို လက်နက်ပြပွဲကို တပ်မတော်အရာရှိတွေ လာရောက်မယ့်အပေါ် အစ္စရေးအနေနဲ့ ပြည်ဝင်ခွင့် ဗီဇာထပ်မံ ထုပ်မပေးတော့ဘဲ ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ကျင်းပတဲ့ ကာကွယ်ရေးနဲ့ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပြပွဲမှာတော့ မြန်မာတပ်တော်က အရာရှိတွေ သွားရောက်လေ့လာ ခဲ့ပါတယ်။
ဓာတ်ပုံ- Haaretz - Moti Milrod