A d v e r t i s e m e n t With Us

မြ၀တီမြို့တွင် ရေတွင်းထဲ ဖားဆင်းဖမ်းသူ ၂ ဦးသေဆုံး  

ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ် ၃ ရက်ကွက် ရဲစိုက်ခင်းထဲရှိ သောက်ရေတွင်းထဲမှာ ဖားဆင်းဖမ်းတဲ့ အမျိုးသား ၂ ဦး သေဆုံးသွားပါတယ်။ အဆိုပါလူ ၂ ဦးဟာ  သောက်ရေတွင်းထဲရှိ ဖားတွေကို ချက်စားဖို့ အတွက် ရေတွင်းထဲ ဆင်းဖမ်းရာမှာ အသက်ရှုကျပ်ကာ အသက်ဆုံးရှုံးသွားခဲ့တာ ဖြစ်ပါတယ်။  သူတို့ နှစ်ဦးကို  မြ၀တီကယ်ဆယ်ရေး အဖွဲ့က သောက်ရေတွင်းထဲကနေ ဆယ်လာပြီး မြ၀တီမြို့ ပြည်သူ့ ဆေးကြီးကို ပို့ ဆောင်ပြီး ဓမ္မတာ အတိုင်းသေဆုံးတာ ဟုတ်မဟုတ် ရဲက စစ်ဆေးနေပါတယ်။ သူတို့ရဲ့ အလောင်းတွေကိုတော့ မိသားစုခွင့်ပြုချက်အရ သင်္ဂြိုဟ်သွားဖို့ ရှိနေပါတယ်။ ကရင်ပြည်နယ် မြ၀တီမြို့မှာ သောက်ရေတွင်းရှားပါးပြီး ခုလို  ရေတွင်းထဲ ဆင်းပြီး လူသေဆုံးမှုက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up