လူအင်အား သောင်းနဲ့ချီ ပါဝင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲ မုံရွာတွင် ပြုလုပ်







1K
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းက လူအင်အား ၁၅၀၀၀ ခန့်ပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို မုံရွာအပြင် ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ မြင်းမူမြို့က ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မြင်းစီးအဖွဲ့၊ ဆိုင်ကယ်ချစ်သူတွေ၊ ဘေးတွဲဆိုင်ကယ်သမားတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကို မုံရွာအပြင် တခြားမြို့ကြီးတွေနဲ့ စစ်ကိုင်း၊ ရေဦး၊ ရွှေဘို၊ ကနီ၊ ဆားလင်းကြီး၊ ကသာ စတဲ့မြို့တွေမှာလည်း တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါတယ်။