A d v e r t i s e m e n t With Us

၂၀၀၈ ဖွဲ့စည်းပုံပြင်​ဆင်​​ရေး ​ထောက်​ခံပွဲ​ တောင်​ကြီးတွင် ပြုလုပ်

၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေး​ကို ထောက်ခံတဲ့အနေနဲ့ ရှမ်းပြည်နယ် ​တောင်​ကြီးမြို့မှာ ​ဒေသခံ​တွေက ​ဇူလိုင်​ ၁၇ ရက်​နေ့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ​တောင်ကြီး ဒေသခံတွေရဲ့ သ​ဘောထားပြသဖို့နဲ့ ပြည်​သူအသံပါ​ဝင်​ဖို့ ခုလို ဆန္ဒထုတ်ဖော်တာဖြစ်ပြီး ပြည်​သူ့ဆန္ဒမပါဘဲ​ရေးဆွဲထားတဲ့ ၂၀၀၈ ​ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ပြင်​ဆင်​​လိုတဲ့အတွက်​ ထောက်​ခံပွဲပြုလုပ်​တာလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဟာ အဓိက စစ်​အာဏာရှင်​​ရေးဆွဲတဲ့ဥပ​ဒေဖြစ်​တယ်​၊ ပြည်​သူအတွက်​ ​ကောင်းကျိုးမ​ပေးတဲ့ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ ဖြစ်​လို့ ပြင်​ဆင်​ချင်​ကြတာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။  တရားလွှ​တ်​​တော်​​ရှေ့​နေ ဦးသိန်း​ရွှေက “၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေဟာ ကမ္ဘာမှာ မရှိတဲ့ဥပ​ဒေဖြစ်​တယ်​၊ ပြင်​ဆင်​မယ်​ဆို ဒီမိုက​ရေစီနည်းကျပြင်​ဆင်​ဖို့လိုတယ်​”လို့ ပြော​ပါတယ်​။ ဒီကနေ့ လူထု​ထောက်​ခံပွဲမှာ ​သေနတ်​ဖြင့် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို အလိုမရှိလို့  ရေးထားတဲ့စာပါ အင်္ကျီတွေ ၀တ်ဆင်ကာ လမ်း​လျှောက်​ ချီတက်​ခဲ့ကြပါတယ်​။ ဆန္ဒပြသူတွေဟာ ​တောင်​ကြီးမြို့ ​မင်း​ကျောင်းဘုန်းကြီး​ကျောင်း​ရှေ့မှာ စုရပ်​ထားပြီး ဗိုလ်​ချုပ်​​အောင်​ဆန်း လမ်းမကြီးအတိုင်း ဗိုလ်​ချုပ်​​အောင်​ဆန်းပန်းခြံထိ လမ်း​လျောက်​ချီတက်​ကြတာ ဖြစ်​ပါတယ်​။ ​တောင်​ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်​လ ၂ ရက်​​နေ့က ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေ ပြင်​ဆင်​​ရေး​ထောက်​ခံပွဲ တ​ကြိမ်​ပြုလုပ်​ခဲ့ပြီး ယခုမှာ ဒုတိယအကြိမ်​ ပြုလုပ်​တာဖြစ်ပါတယ်​။ သတင်း- ခွန်​ရာဇာ

A d v e r t i s e m e n t With Us

More News
Up