အသင်းအောင်မြင်မှုရရန် ကစားသမားသစ် ဝယ်ယူဖို့ မလိုအပ်ဟု လမ်းပတ် ယုံကြည်

ချဲလ်ဆီးအသင်းအနေနဲ့ အောင်မြင်မှုရဖို့ နောက်ထပ် ကစားသမားသစ်တွေ ဝယ်ယူဖို့ မလိုအပ်ဘူးလို့ နည်းပြ လမ်းပတ်က ယုံကြည်နေပါတယ်။ လောလောဆယ်မှာ ချဲလ်ဆီးအသင်းဟာ လူငယ်ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ ချိုးဖောက်ထားတဲ့အတွက် ဒီနှစ်ရာသီ ကစားသမားသစ် ဝယ်ယူခွင့်ကို ဖီဖာက ပိတ်ပင်ထားပါတယ်။ ချဲလ်ဆီးနည်းပြသစ် လမ်းပတ်ကတော့ အသင်းနဲ့ ကစားသမားတွေ အကြောင်းကို ကောင်းကောင်းသိပြီး ဒီအလုပ်အတွက် တော်တော်ကြိုးစားရလိမ့်မယ်လို့ ပြောပါတယ်။ ချဲလ်ဆီးဟာ ရာသီအကြို ခြေစမ်းပွဲခရီးစဉ်အဖြစ် ဂျပန်နိုင်ငံ ယိုကိုဟားမားကို ရောက်ရှိနေပါတယ်။ ချဲလ်ဆီးဟာ လာမယ့်သောကြာနေ့မှာ ဂျေလိဂ်ချန်ပီယံ ကာဝါဆာကီအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up