A d v e r t i s e m e n t With Us

တီထွင်ဆန်းသစ်မှုပြပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖွင့်လှစ်

ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ Yangon Innovation Centre ဖွင့်ပွဲအခမ်းအနားနဲ့ နည်းပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ အခမ်းအနားကို ဇူလိုင် ၁၇ ရက်မနက်က ကျင်းပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခမ်းအနားမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန်းခွန်းပြောကြားရာမှာ စွန့်ဦးတီထွင် လုပ်ငန်းနဲ့ တီထွင်ဆန်းသစ်တဲ့ လုပ်ငန်းတွေလုပ်ကိုင်ခွင့် ရရှိလာတဲ့အတွက် လူငယ်တွေအတွက် အခွင့်အလမ်းရရှိလာခဲ့ပြီး တီထွင်ဆန်းသစ်လိုတဲ့ ပြည်တွင်းပြည်ပ နိုင်ငံခြားရင်းနှီးမြှုပ်နှံ လိုသူတွေ လည်း ဝင်ရောက်လာနိုင်တဲ့အတွက် နိုင်ငံအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြား လာနိုင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခမ်းအနားအပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က Yangon Innovation Centre မှာ ခင်းကျင်း ပြသထားတဲ့ တီထွင်ဆန်းသစ်မှုလုပ်ငန်းဆိုင်ရာ ဖန်တီးပြသထားမှုတွေကို လှည့်လည်ကြည့်ရှု ခဲ့ပါတယ်။ ချမ်းမြေ့မောင်

A d v e r t i s e m e n t With Us

More News
Up