မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
H1N1 ကြောင့် သေဆုံးသူ ၂ ရက်အတွင်း ၆ ဦး ထပ်တိုးလာ
မြန်မာနိုင်ငံတ၀န်း ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူဦးရေဟာ ၂ ရက်အတွင်း ၆ ယောက် ထပ်တိုးလာတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
မေ ၁ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ သေဆုံးသူပေါင်း ၄၈ ယောက်ရှိပြီး ဇူလိုင် ၁၆ ရက်နေ့မှာတော့ သေဆုံးသူ ၅၆ ယောက်ဖြစ်လာတာပါ။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်တဲ့စာရင်းအရ မေ ၁ ကနေ ဇူလိုင် ၁၆ ရက်အထိ သေဆုံးသူ ၄၃ ယောက်မှာ ရန်ကုန်တိုင်းက ၄၃ ယောက်၊ ဧရာဝတီတိုင်းက ၄ ယောက်၊ မွန်ပြည်နယ်က ၃ ယောက်၊ စစ်ကိုင်းနဲ့ ပဲခူးတိုင်းက ၂ ယောက်စီ၊ မကွေးနဲ့ ကချင်ပြည်နယ်တို့က ၁ ယောက်စီဖြစ်ပါတယ်။
ရန်ကုန်တိုင်းထဲမှာတော့ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းက ၅ ယောက်စီ သေဆုံး ခဲ့ပြီး မှော်ဘီနဲ့ သာကေတက ၃ ယောက်စီ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ သန်လျင်၊ ရွေပြည်သာ၊ ရန်ကင်းနဲ့ စမ်းချောင်းမြို့နယ်တို့က ၂ ယောက်စီ သေဆုံးခဲ့ပါတယ်။
တွံတေး၊ တိုက်ကြီးနဲ့ ကျောက်တံတားမြို့နယ်တို့ကလွဲရင် ကျန်တဲ့ ၃၇ မြို့နယ်မှာ ဓာတ်ခွဲအတည်ပြု ရောဂါပိုးကူးစက်ခံရသူတွေရှိနေတာပါ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ပိုးတွေ့လူနာတွေရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေရဲ့ ထက်ဝက် ၄၉ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်ကနေ ၆၅ နှစ် အရွယ်တွေဖြစ်ပြီး အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတွေ သေတာကတော့ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းရှိပါတယ်။
ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။
သေဆုံးသူအများစုဟာ နှလုံး၊ ဆီးချိုလို နာတာရှည်ရောဂါအခံရှိသူတွေလို့ ကျန်းမာရေး ဌာန တာဝန်ရှိသူတွေကပြောပြီး ဒီရောဂါဟာ အသက် ၂ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၆၅ နှစ် အထက် လူကြီးတွေမှာ ပိုပြီး အဖြစ်များတယ်လို့လည်း ဆိုပါတယ်။
အရင်နှစ်တွေက ရောဂါပိုးတွေ့သူတွေကို ကုသနိုင်ဖို့ ဆေးရုံကြီး ၈ ခုမှာပဲ စီစဉ်ထား ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြောက်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်သာယာနဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံကြီး ၁၅ ခုမှာ တိုးချဲ့ ဆောင်ရွက်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၁၇ ခုနှစ်တုန်းက A(H1N1)pdm09 ပိုးကူးစက်ခံရသူပေါင်း ၄၀၆ ယောက်မှာ ၃၈ ယောက်သေဆုံးခဲ့ပါတယ်။
Tags
H1N1 ကြောင့် သေဆုံးသူ ၂ ရက်အတွင်း ၆ ဦး ထပ်တိုးလာ
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up