A d v e r t i s e m e n t With Us

ဥရောပကော်မရှင်၏ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဂျာမနီနိုင်ငံသူ ဗွန်ဒါလေယန်ကို ရွေးချယ်

ဥရောပကော်မရှင်ရဲ့ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌအဖြစ် ဂျာမနီနိုင်ငံက အာဆူလာ ဗွန်ဒါလေယန်ကို ဇူလိုင် ၁၆ ရက်နေ့က ဥရောပပါလီမန်မှာ မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ ဗွန်ဒါလေယန်ဟာ ပိုမိုစိမ်းလန်းမျှတပြီး စည်းမျဉ်းအခြေခံတဲ့ ဥရောပဖြစ်ရေးအမြင်နဲ့ ဆိုရှယ်လစ်နဲ့ လစ်ဘရယ်ဝါဒီတွေကို စည်းရုံးပြီး ထောက်ခံမဲ ၃၈၃ မဲ၊ ကန့်ကွက်မဲ ၃၂၇ မဲ ရခဲ့တာပါ။ အီးယူအုပ်ချုပ်ရေး အကြီးအကဲအနေနဲ့ ဗွန်ဒါလေယန်ဟာ ဥရောပနိုင်ငံသား သန်း ၅၀ အတွက် ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ၊ စီးပွားရေးနဲ့ ရာသီဥတုဆိုင်ရာ မူဝါဒတွေကို ကြီးကြပ်ရမှာပါ။ ဒါ့အပြင် သြဇာကြီးမားတဲ့ နည်းပညာကုမ္ပဏီကြီးတွေ ပါဝင်တဲ့ လက်ဝါးကြီးအုပ်မှု လျှော့ချရေး ဆုံးဖြတ်ချက်တွေကိုလည်း ဗွန်ဒါလေယန်က ကြီးကြပ်ရမှာပါ။ အသက် ၆၀ အရွယ် ဗွန်ဒါလေယန်ဟာ ဥရောပကော်မရှင်ဥက္ကဋ္ဌ ရွေးချယ်ပွဲမတိုင်မီ    ဂျာမန်ကာကွယ်ရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up