Homeအာရှဒေသ
အိုင်ယာလန်မှာ အိန္ဒိယ အမျိုးသမီးသေဆုံးမှုကြောင့် ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေ ငြင်းခုံ ဆွေးနွေးမှု ထပ်ပေါ်
အိုင်ယာလန်မှာ အိန္ဒိယ အမျိုးသမီးသေဆုံးမှုကြောင့် ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေ ငြင်းခုံ ဆွေးနွေးမှု ထပ်ပေါ်
DVB
·
November 30, 2012
အိုင်ယာလန်မှာ ကိုယ်ဝန်ဆောင် အိန္ဒိယ အမျိုးသမီး သေဆုံးသွားတာက နိုင်ငံတကာ အတွက် ယမ်းပုံမီးကျသလို ဖြစ်သွားစေပါတယ်။ ဒီလအစောပိုင်းက အိုင်ယာလန် ဆေးရုံက ကိုယ်ဝန်ဖျက်ချပေးဖို့ ငြင်းပယ်ခဲ့တဲ့ အတွက် ဆာဗီတာ ဟာလပ်ပန်နာဗာ (Savita Halappanavar) သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ အိုင်ယာလန်မှာ ဆန္ဒပြတာတွေ ဖြစ်ပွားခဲ့ပြီးတော့ အိုင်းရစ်တွေရဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဆွေနွေး ငြင်းခုံတာတွေ ထပ်ဖြစ်လာပါတယ်။
အိန္ဒိယမှာတော့ နိုင်ငံရေးပါတီတွေ၊ အမျိုးသမီးအရေးလှုပ်ရှားတဲ့ အုပ်စုတွေက တရားမျှတမှုနဲ့ အစိုးရကို ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အေးရှား ကောလင်း သတင်းထောက် ဘစ်မီလာ ဂီလာနီ (Bismillah Geelani)က နယူးဒေလီကနေ သတင်းပေးပို့ထား ပါတယ်။