A d v e r t i s e m e n t With Us

အာဇာနည်နေ့အထိမ်းအမှတ် လွိုင်ကော်ဆေးရုံတွင် စုပေါင်းသွေးလှူ (ဓါတ်ပုံ)

၇၂ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လွိုင်ကော်ပြည်သူ့ဆေးရုံမှာ စုပေါင်း သွေးလှူဒါန်းပွဲကို ဒီကနေ့ ဇူလိုင်လ ၁၇ ရက်မနက်က ပြုလုပ်ခဲ့ပါတယ်။ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးဌာန ပြည်နယ်ပြည်သူ့ဆေးရုံကြီးနဲ့ ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မီတီတို့ပူးပေါင်းပြီး အာဇာနည်နေ့အကြို ဂုဏ်ပြုတဲ့အနေနဲ့စုပေါင်း သွေးလှူဒါန်းကြတာပါ။ ဒီသွေးလှူပွဲမှာ ကယားပြည်နယ် သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ၀န်ကြီး ဦးတီရယ်အပါအ၀င် လူပေါင်း ၁၅ ဦးက သွေးလှူဒါန်းခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up