A d v e r t i s e m e n t With Us

မန္တလေးမြို့ ပိုလီမာရေမြုပ်မွေ့ယာဂိုဒေါင် မီးလောင်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်ရှိ ဦးဝင်းမြိုင်ပိုင်ဆိုင်တဲ့ ပိုလီမာရေမြုပ်မွေ့ယာဂိုဒေါင် မနေ့ည ၁၂ နာရီလောက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၃၀ ကျော်နဲ့ ၂ နာရီကျော်ကြာအောင် ငြိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် လိုက်ထရပ်ကား ၂ စီးနဲ့  စုစုပေါင်း ဆုံးရှုံးမှု ကျပ်ထောင်ချီရှိတယ်လို့ သိရပါတယ်။ မီးလောင်မှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ Read more

A d v e r t i s e m e n t With Us

More News
Up