A d v e r t i s e m e n t With Us

ဂိုးသမား ဒီဂီယာ မန်ချက်စတာယူနိုက်တက်နှင့် စာချုပ်​သက်တမ်းတိုးရန် နီးစပ်

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ အသင်းနဲ့ စာချုပ်​သက်​တမ်းတိုးဖို့ နီးစပ်​​နေပြီး လုပ်ခအများဆုံးဂိုးသမား ဖြစ်လာပါတော့မယ်။ ဂိုးသမား ဒီဂီယာဟာ အသင်းနဲ့ တနှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့​တာပါ။ လက်ရှိအချိန်မှာတော့ အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့အတွက် သ​​ဘောတူလိုက်ပြီဖြစ်ပြီး မကြာခင် တရားဝင် စာချုပ်ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိ စပိန်ဂိုးသမား ဒီဂီယာအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ဆုကြေးတွေအပါအဝင် တပတ်လုပ်ခ ပေါင် ၃ သုံး ၇ သောင်း ၅ ထောင်အထိ ရရှိမှာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ဒီဂီယာဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခ ပေါင် ၂ သိန်းသာ ရရှိနေပြီး စာချုပ်သစ်အရ ကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့ ဂိုးသမားအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up