အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိ၊ ၄ သန်းကျော် နေရပ်စွန့်ခွာ

799
အိန္ဒိယ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ရေကြီးမှုကြောင့် ဇူလိုင် ၁၅ ရက်နေ့အထိ သေဆုံးသူ ၁၀၀ ကျော်နေပြီး လူပေါင်း ၄ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။
အိန္ဒိယမှာဆိုရင် အာသံနဲ့ ဘီဟာပြည်နယ်တွေဟာ ရေကြီးမှုဒဏ် အဆိုးဆုံးခံရတဲ့အထဲ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ရေကြီးတာကြောင့် အာသံနယ်မှာ လူဦးရေ ၄ ဒသမ ၃ သန်း နေရပ်စွန့်ခဲ့ရတယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဘီဟာပြည်နယ်မြောက်ပိုင်း ဒေသတွေဟာ နီပေါနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေပြီး ရေကြီးတဲ့ အစဉ်အလာ ရှိပါတယ်။
လာမယ့်နှစ်ရက်အတွင်း အာသံနဲ့ ဘီဟာနယ်တွေမှာ မိုးပိုကြီးလိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ရေကြီးမှုကြောင့် ခန့်မှန်း လူ ၁ သိန်း ၉ သောင်းဟာ နေအိမ်တွေကို စွန့်ခွာခဲ့ရတယ်လို့ အစိုးရ တာန်ရှိသူတွေက ပြောပါတယ်။
ဒုက္ခသည် ၇ သိန်းရှိတဲ့ ကော့ဘဇားခရိုင်မှာလည်း ရေကြီးမှုကြောင့် လူ ၁ သိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ပါတယ်။