Home
မြန်မာသတင်း
ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂၇၀ ဆောက်လုပ်ပြီးစီး
သူဇာလင်း
·
July 16, 2019
ရန်ကုန်မြို့တွင်း ၆ မြို့နယ်မှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၅၀၀ တည်ဆောက်ဖို့ရှိနေရာမှာ လက်ရှိ မှတ်တိုင် ၂၇၀ အထိ ဆောက်လုပ်ပြီးစီးသွားပြီလို့ ရန်ကုန်မြို့တော် စည်ပင် အင်ဂျင်နီယာဌာန(လမ်းတံတား)ဌာနမှူး ဦးလင်းခိုင်က ပြောပါတယ်။  ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်း၊ တာမွေ စတဲ့မြို့နယ်တွေမှာ ဘတ်စ်ကား မှတ်တိုင်တွေကို တည်ဆောက်နေတာဖြစ်တယ်လို့ ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ စည်ပင်သာယာတာဝန်ရှိသူက ပြောဆိုခဲ့တာပါ။ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်တွေ တည်ဆောက်တဲ့ အပိုင်းကို ဇုန် ၃ ဇုန်ခွဲပြီး  ပုဂ္ဂိလက ကုမ္ပဏီတွေကို တင်ဒါခေါ်ယူ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေ ပါဝင်တဲ့ ဇုန်အတွင်းမှာတော့ ဘတ်စ်ကားမှတ်တိုင်ပေါင်း  ၂၅၀ တည်ဆောက်မှာဖြစ်ပြီး လက်ရှိ လှိုင်သာယာမြို့နယ်မှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အလားတူ ဒဂုံမြို့သစ် (တောင်ပိုင်း) ဒဂုံမြို့သစ် (မြောက်ပိုင်း)၊  သာကေတ၊ ဒေါပုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေပါဝင်တဲ့ ဇုန်ထဲမှာတော့ ကား မှတ်တိုင်ပေါင်း ၄၀၀ ကျော်ကို တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက ဆက်လက်တည်ဆောက်ဖို့ရှိပြီး   ကျန်တဲ့မြို့နယ်တွေမှာတော့ စည်ပင်က လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024